Clock

Friday, August 3, 2012

Wednesday 01 August 2012

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်တို့အား ခါတော်မှီပေးတဲ့ ရပိုင်ခွင့်အချို�


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် နိုင်ငံအသီးသီးမှ သံတမန်များ၏ ရခိုင်ခရီးစဉ်တွင် မွတ်စလင်များအား ခွဲခြားဆက်ဆံခြင်းမပြုခဲသကဲ့သို့ အယောင်ဆောင်လုပ်ဆောင်ချက်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ယခုရက်ပိုင်းအတွင်း ပြုလုပ်ထားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ  သိရသည်။

“သူတို့အမြင်မှာ ကျွန်တော်တို့ကို ဘာမှမလုပ်ဘူးလို့ထင်အောင် ဖန်တီးထားတာတွေပါ။ အခု မနေ့ကစပြီး ကျောင်းတွေကို ပြန်ဖွင့်တဲ့ပုံစံမျိုးတွေလည်း ဖန်တီးထားတယ်” ဟု သက်ကယ်ပြင်ဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦးက myanmarmuslim.net သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခအပြီးတွင် မွတ်စလင်မ်တို့အား ဈေးရောင်း ဈေးဝယ်ခွင့်မပြုဘဲ ရိက္ခာပြတ်လပ်ရန် အသက်သေဆုံးစေရန် ကြိုးပမ်းအားထုတ်မှုများ၊ မွတ်စလင်မ်ကျောင်းသားများကို စစ်တွေတက္ကသိုလ် တက်ခွင့်မပြုခြင်း၊ မွတ်စလင်မ်တို့အား ရိက္ခာထောက်ပံ့သူ များကို တိုက်ခိုက်နှောင့်ယှက်ခြင်းများကို လူမျိုးရေးအစွန်းရောက် ရခိုင်များက ပြုလုပ်ခဲ့ကြသည်။

“အခုရက်ပိုင်း စစ်တွေဈေးမှာလည်း ဈေးဝယ်ခွင့်ပေးထားသယောင်လုပ်နေတယ်။ ကျောင်းဆိုရင်လည်း မနေ့ကစပြီး သက်ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ ဘုမေတို့မှာရှိတဲ့ အလယ်တန်းနဲ့ မူလတန်းကျောင်းတွေမှာ သုံးလေးယောက်လာတယ်။ လုံခြုံရေးပေးထားတယ်။ စာသင်တာ မရှိပါဘူး။” ဟု အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တားနား၊ နိုင်ငံအသီးသီးမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၃၆ ဦးနှင့် မြန်မာဘက်မှ ပုဂ္ဂိုလ် ၂၆ ဦး တို့သည် ယနေ့တွင် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခဖြစ်ပွားခဲ့ရာနေရာများသို့ တစ်ညအိပ် ခရီးသွားရောက် ကြည့်ရှုနေကြောင်း သိရသည်။

No comments:

Post a Comment